e
ကျန်းမာရေး တက္ကသိုလ်
Tuesday, September 30, 2014
စာအုပ်များ စုစည်းခြင်း၁
တွေ့လို့ တင်ပေးလိုက်တာပါ
၁။သိုင်းလောကစိန်ခေါ်သံ အပိုင်း၁
၂။တာတေစနေသား (ဦးနု)
၃။ဖိုမ ဆက်ဆံရေး (ဒေါက်တာ အောင်ခင်ဆင့်)
ဒီနေ့တော့ ဒီလောက်ပါပဲဗျာ ကျတော်လည်း အိပ်တော့မယ်
အားလုံးပျော်စရာကောင်းသော ည လေးကို ပိုင်ဆိုင်နိုင်ကြပါစေ

စာအုပ်များ စုစည်းမှု
စာအုပ်ဝါသနာပါသူတွေအတွက် တင်ပေးလိုက်ပါတယ်။
၁။ပန်းမြိုင်လယ်က ဥယျာဉ်မှူး(လယ်တွင်းသား စောချစ်)
၂။ပန်းများကို ပွင့်စေသူ(လယ်တွင်းသား စောချစ်)
၃။လင်္ကာဒီပ ချစ်သူ(ချစ်ဦးညို)
၎။ပန်းတစ်ပွင့်ရဲ့ ရင်ခုန်သံ(ဝင်းဝင်းမြင့်)
၅။ကမ္ဘာကို ကိုင်လှုပ်သူများ(ဒဂုန်ရွှေမျှား)
၆။ကျမ၏ သစ်ပင်(ဂျူး)
၇။မိုးည အိပ်မက်ဖြူ(တက္ကသိုလ် ဘုန်းနိုင်)
၈။တစ်သက်တာမှတ်တမ်းနှင့် အတွေးအခေါ်များ(ရွှေဥဒေါင်း) ၉။တစ်သက်တာမှတ်တမ်းနှင့်အတွေးအခေါ်များ(ရွှေဥဒေါင်း)
၁၀။ကျမချစ်တဲ့ မြို့တစ်မြို့(ဂျူး)
၁၁။သူငယ်ချင်းလိုပဲ ဆင်၍ခေါ်မည် ခိုင်(တက္ကသိုလ် ဘုန်းနိုင်)

Monday, September 29, 2014
အာလုံးကို ကျေးဇူးတင်လျက်
ကျွန်တော် ဤblog apkကို 28.9.2014ရက်နေ့တွင် ပြုလုပ်ခဲ့ပါတယ် ကျွန်တော်ရည်ရွယ်ချက်ကတော့ သူငယ်ချင်းတွေကြား ရင်းနှီးမှု မိမိ၏ အတွေးအမြင် သူသိရှိသည့် အ တွေးအမြင် အယူအဆ ထင်မြင်ချင်များ မိမိ၏ အယူအဆ အ တွေးအမြင် စသည်တို့ကို ပွင့် ပွင့် လင်း လင်း ရင် ဖွင့်နိုင်စေရန်။ထိုပြင် အဓိပ္ပါယ်ပြည့်ဝ သော ရသစာစုများကို postတင်ခြင်းအားဖြင့် မိမိ ပတ်ဝန်းကျင်အား မိမိတတ်စွမ်းသလောက် အကျိုးပြုသွားမည် ဖြစ်ပါကြောင်း။
အောင်သူခန့််
ph-09256162177
ဤblogနှင့် ပတ်သတ်ပြီး သင့်၏ အမြင်အား လှိုက်လှဲစွာ ကြိုဆိုပါကြောင်း။
ဤblogတွင် ဝင်ရောက်ရေးသားလိုပါက comment boxတွင် သင်၏ emailကို ထားခဲ့နိုင်ပါသည်

စာအုပ်လေးတွေ ဒေါင်းမယ်
ကဗျာလေးတွေ ခံစားကြည့်မယ်
ဒီကဗျာလေးကတော့ အကိုကြီးတစ်ယောက် တင်ထားတဲ့ ကဗျာလေးပေါ့ဗျာ ကျတော် ကြိုက်လို့ ပြန်တင်ပေးတာပါ ဖတ်ချင်ရင် ဒီနေရာမှာနှိပ်လိုက်ပါဗျာကျေးဇူးတင်ပါတယ်
ကျတော် ဒီနေ့ ကျတော့်သူငယ်ချင်းတစ်ယောက်ကို blogမှာ စာရေးဖို့ ပြောကြည့်တယ် သူက မ ရေးချင်ဘူးတဲ့ ကျတော်blogကို ဘယ်သူက ကြည့်မှာမို့တုန်းတဲ့။မှန်ပါတယ်။ကြည့်မယ်သူ မရှိပါဘူး။ကျတော်က ပညာရှင်မှ မဟုတ်တာ။လာတဲ့သူတွေကို နည်းပညာ ဘယ်လိုလုပ် ပေးနိုင်မှာတုန်း။ဒါပေ မဲ့ တစ်ခုတော့ ရှိတယ်ဗျာ။ကျတော်မှာလည်း ကျတော့်ခံယူချက် ရှိပါတယ်။လမင်းကြီးမဖြစ်ခဲ့ရင်တောင် လမိုက်ညမှာ အလင်းရောင်ပေးတဲ့ ကြယ်လေးတစ်ပွင့်သာ ဖြစ်ခွင့်ရရင် ကျေနပ်ပါတယ်။ဒါ ကျွန်တော်ရဲ့ ခံယူချက်ပါ။စာအုပ်တွေ တင်မယ်။ကဗျာတွေရေးမယ်။ပုံတွေတင်မယ်။ကောင်းတယ်လို့ ထင်ရင် shareမယ်။လောကကြီးကို ကိုယ်တတ်နိုင်သလောက် အုတ်တချပ် သဲတစ်ပွင့်အ နေနဲ့ ပါဝင်ထမ်းဆောင်မယ်။
ရေးသားသူ-အောင်သူခန့်(မ ကွေး)

Sunday, September 28, 2014
မင်္ဂလာပါ ခင်ဗျာ
ကျတော့်် blog လေး က နေ ကြိုဆိုပါတယ်ခင်ဗျား
http://sayarchan.blogspot.com/က နေ
ယခုpostသည် အစမ်းသာ ဖြစ်ပါသောကြောင့်် သည်းခံကြပါရန်။

Friday, September 26, 2014
စာမေးပွဲကြောက်သော ကျောင်းသားလေး
ကျနော် စာမေးပွဲကို ကြောက်ပါတယ် ကျတော်လိုပဲ တစ်ခြားကျောင်းသားတွေလည်း ကြောက်မယ်ထင်ပါတယ်
ကျတော် ဒီ အလုပ်ကြီးကို စိတ်မဝင်စားဘူးဗျာ ကျတော်ရဲ့ အနာဂတ်ကို တွေးပြီး ကျတော်ဘာသာ ကျတော် ရင်မောတယ် ကျတော်မလုမ်ချင်တဲ့ အလုပ်နဲ့ အသက်မွေးရမှာ ဒီတက္ကသိုလ်ကို အစကတည်းက မ လျှောက်သင့်ပါဘူးဗျာ ဒါပေမဲ့ အခုတော့ အချိန်တွေက နှောင်းသွားခဲ့ပါပြီ ဒါပေမဲ့ ဘွဲ့တော့ ရ အောင် ယူမှာပါ ကျတော် ရုန်းထွက်ချင်တယ်ဗျာ ကျတော်ရဲ့ ဝါသနာက လူတွေကို ဆေးကုချင်တာမှ မဟုတ်ဘဲ အ ဖေ ကျတော်ကို မ မေးခဲ့ဘူးဗျာ ကျတော့် ဝါသနာကို ခုအချိန်မှာတော့''ဆန္ဒနှင့် ဘဝ ထပ်တူကျပါစေ''ဆိုတဲ့ စာသားလေးမြင်တိုင်း ကိုယ်ဘဝကို ကိုယ် ရင်နာမိတယ်ဗျာ ဒါပေမဲ့ သင်ခန်းစာတော့ ရတာပေါ့ ကျတော်ရဲ့ နောင်လာမဲ့ မျိုးဆက်တွေအတွက်။အခုအချိန်ရောက်တော့လည်း ဘယ်သူ့ကိုမှ အပြစ်မတင်တော့ပါဘူးဗျာ။
Aung Thu Khant
ဆန္ဒနှင့် ဘဝ ထယ်တူကျသော ဘဝလေးကို ပိုင်ဆိုင်ကြပါစေ

Friday, September 12, 2014
ချစ်သူသို့
ချစ်သူ
မင်းကို သံယောဇဉ်ဖြစ်ရအောင်လည်း
အနေမနီးဘူး
မြင်မြင်ချင်း ချစ်မိတယ်လို့
ပြောရအောင်လည်း
ကံကြမ္မာက အခွင့်မပေးဘူး
ဒါပေမဲ့ ချစ်သူ
ငါ နင့်ကို
ဘာအကြောင်းပြချက်မှမရှိဘဲ
တကယ်ချစ်မိသွားတာပါ
Subscribe to:
Posts (Atom)