ကျန်းမာရေး တက္ကသိုလ်


Lover Lover Lover

ကျွန်တော်blogကို လာရောက်လည်ပတ်တဲ့အတွက် ကျေးဇူးတင်ပါတယ် ဒါပေမဲ့ အကြောင်းအမျိုးမျိုးကြောင့် ဒီblogအား စာမရေးနိုင်တော့ပါဘူးကျွန်တော့်ဖုန်းနံပါတ်ကတော့09-256162177ပါ ဆက်သွယ်အကြံပေးနိုင်ပါတယ်ခင်ဗျား

Saturday, October 25, 2014

facebook account လျှောက်နည်း

ဒဒီတစ်ခါတော့ ကျတော့်သူငယ်ချင်းတွေက မေးလို့ ကျနော် တတ်သ လောက် မှတ်သ လောက် လေ့လာထားတာလေးကို ပြန်မျှဝေလိုက်ပါတယ်။
မြန်မာနိုင်ငံက ဖုန်းနံပါတ်တွေနှင့် facebookအ ကောင့်ကို တိုက်ရိုက်လျှောက်လို့ မရပါဘူး။ဖုန်းနံပါတ်အစား gmailအကောင့်ကို ထည့်ပေးရပါတယ်။gmailပဲ ကျတော်တို့အတွက် အဆင်ပြေပါတယ်။ဒါဆိုရင် ကျတော်တို့က facebookအ ကောင့်မ လျှောက်မီ google accountအကောင့်ကို အရင်ဆုံး လျှောက်ရပါမယ်။
google account လျှောက်ဖို့ ပထမဦးဆုံးဒီနေရာလေး နှိပ် ပေးလိုက်ပါ။
အောက်မှာ ဖြည့်ရမဲ့ အ ပေါက်တွေရှိတ ပထမဆုံကတော့ နာမည်ပေါ့ ဒုတိယက usernameဆိုတဲ့နေရာမှာ ပထမနာမည်ကို အပြည့်အစုံ ထည့်ပေးပါ နောက်အပေါက်မှာက အပေါက်ထဲမှာ @gmail.comဆိုတာ ရှိတယ် အဲဒါကို က @gmail.com မပါဘဲနဲ့ ကိုယ်နာမည်လေးကို ရိုက်ထည်းပေးလိုက်ပါ  နောက်တစ်ခုက ဖုန်းနံပါတ် ထည့်တဲ့ ကိစ္စပါ   အ ရေးကြီးပါတယ် GSMတွေပဲ လက်ခံပါတယ် CDMAတွေ မရပါဘူး အ ကောင့်မလုပ်ရသေးတဲ့ ဖုန်းနံပါတ်ဆို ပိုအဆင်ပြေတာပေါ့  .နောက်ပြီး သူထည့်ခိုင်းတဲ့ male/female အသက် ဘာညာ ပေါ့ ထည့်လိုက်ပါ နောက်ဆုံးက အရေး ကြီးပါတယ် l agreeဆိုတဲ့ ဘေးက boxလေးမှာ အမှန်ခြစ်လေး ခြစ်ပေးလိုက်ပါ ပြီးရင် continueပေါ့ ရပီလား  မရသေးပါဘူး gmailလိပ်စာမှာ သူက ပေးတဲ့ လိပ်စာပဲ ထည့်ရပါမယ် ဥပမာဗျာ သင့်နာမည်က Mg Soeဆို့ပါစို့ ဒါဆိုရင် သူက ပေးပါလိမ့်မယ်    Availavle  :mgsoe56  mgsoe0  soemg72  အဲထဲကမှ ကိုယ့်ကြိုက်တဲ့ နာမည်ကို ထည့်ပေးလိုက်ပါ နောက်က @gmail.comဆိုတာ ထည့်စရာ မလိုပါဘူး ဒါဆိုရင် အဆင်ပြေသွားပါပြီ သူက code 6လုံး ဖုန်းခေါ်ပြီး ပြောလိမ့်မယ် codeထည့်ပြီးရင်တော့ ရပါပြီ gmailအကောင့်။
မှတ်ချက်။  ။ဤနည်းသည်  gmail appမပါရှိသည့် Huaweiဖုန်းများအတွက်သာ ရည်ရွယ်ပါသည်။


facebookအ ကောင့် လျှောက်မယ်
၁။မိမိsettingထဲတွင်ရှိသော facebookအ ကောင့်အား Removeလုပ်ရန်
၂။facebook appအား log out လုပ်ရန်ဒီလောက်ဆို ရမယ် ထင်ပါတယ်
မိမိ၏ emailတွင်  အသစ်လုပ်ထားးတဲ့ gmailထည့်မယ်ဗျာ  facebookက ပေးတဲ့ codeကို comformation codeဆိုတဲ့ နေရာမှာ ထည့်မယ်
အကောင့်သစ်တွင် friအများကြီး မအပ်ပါနဲ့
   တော်ပီဗျာ အိပ်ချင်ပီ အိပ်တော့မယ်

Saturday, October 18, 2014

ကဗျာများ

ဤကဗျာများအားလုံးသည် ကျွန်တော့်၏ ကိုယ်တိုင်ရေးကဗျာ များ ဖြစ်ပါသည်။

ချစ်သူ

အခြေအ နေမ ပေးလို့

တစ်ယောက်တစ်နယ်ဆီမှာ ခွဲနေကြတယ်ဆိုပေမဲ့

ငါက မင်းကို မေ့မရပါဘူး

အလွမ်းပေါ်မှာ အလွမ်းဆင့်

အလွမ်းသံသရာထဲမှာ မျောရင်း

ဟိုး နင် မမြင်နိုင်တဲ့ အရပ်တစ်နေရာဆီက နေ

ငါ နင့်ကို တိတ်တိတ်လေး တစ်ယောက်တည်း

လွမ်းနေမှာပါ ချစ်သူ

                      ဆောင်းချစ်သူ(UCH

****************************************


ချစ်သူ

အတိတ် ရဲ့ အရိပ်တွေကို

ငါဟာ ပြန်တူးဆွနေ မိတယ်

အနာဂတ်ကို တွေးကြောက်တဲ့ ငါ

ပစ္စုပ်ပန်ကို စိတ်ကူးတွေနဲ့

ရှင်သန်ရင်း

မျှော်လင့်ချက် ရောင်ခြည်းလေး

ထွန်းလင်းပေး တဲ့ မင်းကို

စကားလေးတစ်ခွန်းလောက်တော့ ပြောချင်ပါတယ်

ငါ နင့်ကို ချစ်တယ်

                           ဆောင်းချစ်သူ(UCH)


************************************

Thursday, October 2, 2014

ချစ်သူ့သို့

ချစ်သူ

မင်းဟာ လမင်းကြီးဖြစ်ခဲ့မယ်ဆိုရင်

ငါဟာ

မင်းန ဘေးမှာ လင်းလတ်တောက်ပ နေတဲ့

ကြယ်လေးတစ်ပွင့် ဖြစ်နေမယ်

မင်းဟာ သီချင်းတစ်ပုဒ်ဖြစ်ခဲ့မယ်ဆိုရင်

ငါဟာ သီချင်းထဲက စာသားတစ်ချို့ ဖြစ်နေမယ်။

မင်းဟာ 

ကဗျာတစ်ပုဒ် ဖြစ်ခဲ့မယ်ဆိုရင်

ငါဟာ မင်းကဗျာထဲက ကာရန်တစ်ချို့ဖြစ်နေမယ်

တကယ်လို့များ ချစ်သူ

မင်းဟာ အဆိပ်ရှိတဲ့

ပန်းလေးတစ်ပွင့် ဖြစ်နေခဲ့မယ်ဆိုရင်တောင်

ငါဟာ မင်းရဲ့

ဘဝလက်တွဲဖော်အဖြစ်

မိုက်မဲတဲ့ ပျားလေးတစ်ကောင် ဖြစ်နေမှာပါ။

The Best English ဂျာနယ်မှ ကူးယူဖော်ပြပါသည်။