ကျန်းမာရေး တက္ကသိုလ်


Lover Lover Lover

ကျွန်တော်blogကို လာရောက်လည်ပတ်တဲ့အတွက် ကျေးဇူးတင်ပါတယ် ဒါပေမဲ့ အကြောင်းအမျိုးမျိုးကြောင့် ဒီblogအား စာမရေးနိုင်တော့ပါဘူးကျွန်တော့်ဖုန်းနံပါတ်ကတော့09-256162177ပါ ဆက်သွယ်အကြံပေးနိုင်ပါတယ်ခင်ဗျား

Sunday, August 17, 2014

လက်လွတ်ရသူ

သွားပြီဆိုတဲ့ အသိနဲ့
ရင်ထဲမှာ တစစ်စစ်
အေးစက်တဲ့ လက်အစုံက
တဖြည်းဖြည်းပြေ လျော့လာသလို
ငိုရှိုက်သံတချို့က လှောင်ရယ်သလိုပါပဲ
မချိတင်ကဲ တွေးမိသေးတယ်
ငါသာ ဒီထက်တော်ခဲ့ရင်
ရင်ခုန်သံတစ်ချက်ချက်များ
ယောင်မှားလို့ ကြားရ လေမလား
ငြိမ်နေတဲ့ ရင်အစုံကို
လက်တင်လို့ စမ်းမိသေးရဲ့
အစွမ်းကုန်ကြိုးစားပေမဲ့
မီးစာလည်းကုန် ဆီလည်းခမ်းမို့
ဘဝရဲ့ ဆည်းဆာတစ်ခုကို
ခါးသီးစွာ လက်ခံခဲ့ရ
ရှုံးပြီလို့ မ ကြော်ငြာချင်ပေမဲ့
သေချာနေတဲ့ ဒီအဖြစ်က
သေမင်းကို ဦးချရသလိုပါပဲ
မတတ်နိုင်ပါပြီလေ
မ သေ သော ဆေးသမားသည်လည်း
ရှိခဲ့လှသည်မို့
သက်ပြင်းတစ်ချက်သာ  ချလိုက်မိတယ်
လူနာဆုံးသွားပါပြီ
                                        ခိုင်လေး(UCH)

No comments:

Post a Comment