မင်းဟာ လမင်းကြီးဖြစ်ခဲ့မယ်ဆိုရင်
ငါဟာ
မင်းန ဘေးမှာ လင်းလတ်တောက်ပ နေတဲ့
ကြယ်လေးတစ်ပွင့် ဖြစ်နေမယ်
မင်းဟာ သီချင်းတစ်ပုဒ်ဖြစ်ခဲ့မယ်ဆိုရင်
ငါဟာ သီချင်းထဲက စာသားတစ်ချို့ ဖြစ်နေမယ်။
မင်းဟာ
ကဗျာတစ်ပုဒ် ဖြစ်ခဲ့မယ်ဆိုရင်
ငါဟာ မင်းကဗျာထဲက ကာရန်တစ်ချို့ဖြစ်နေမယ်
တကယ်လို့များ ချစ်သူ
မင်းဟာ အဆိပ်ရှိတဲ့
ပန်းလေးတစ်ပွင့် ဖြစ်နေခဲ့မယ်ဆိုရင်တောင်
ငါဟာ မင်းရဲ့
ဘဝလက်တွဲဖော်အဖြစ်
မိုက်မဲတဲ့ ပျားလေးတစ်ကောင် ဖြစ်နေမှာပါ။
The Best English ဂျာနယ်မှ ကူးယူဖော်ပြပါသည်။
No comments:
Post a Comment